
Lens ဝယ်ပြီး တခါမှ အပြင်ထွက်မရိုက်ဖြစ်သေးဘူး၊ အိမ်ထဲမှာပဲ မားသားကြီးကိုရိုက်လိုက်၊ မီးဖိုချောင်ထဲက ဇွန်းတွေ ခက်ရင်းတွေရိုက်လိုက်၊ ပြတင်းပေါက်အပြင်က လှန်းထားတဲ့အဝတ်ကို ရိုက်လိုက်နဲ့ ဟုတ်နေတာ။ ဒီနေ့မှပဲ မနက်စာ ထွက်စားရင်း မဆိုစလောက် ရိုက်ဖြစ်လိုက်တယ်။ ရှုစားတော်မူကြပါကုန်။


Tiong Bahru Pau & Snack ဆိုတဲ့ တျုံဘာရူး ဂျူရောင်းဆိုင်ခွဲမှာ သွားစားတာပါ၊ လူအရမ်းများတယ်၊ တန်းအရှည်ကြီး စီရတယ်။


စားသောက်ဖွယ်ရာများ

ရေနွေးကြမ်းနှစ်ခွက်

ပဲပေါက်စီနှစ်ပိုင်းတစ်ပိုင်း

ဆန်ပြုတ်ခြောက်ပွဲ

မစားခင်

စားနေရင်းတန်းလန်း

စားပြီး

ဗိုက်ပြည့်သွားတော့ အနားက ဈေးထဲဝင်ပတ်ပြီး ဘုရားပန်းဝယ်ကြတယ်၊ ဒါတွေက အဲဒီကပန်းဆိုင်တဆိုင်မှာ ရိုက်ထားတာပါ။



--
ခြုံပြောရရင် lens က အင်မတန် sharp ဖြစ်တယ်၊ ဘိုကဲ bokeh သိပ်လှတယ်။ တခုပဲရှိတယ်၊ 85mm ဆိုတော့ focal length က နည်းနည်းရှည်နေတယ်၊ ရိုက်မယ့်တားဂက်နဲ့ အတော်လေးခွာပြီး နေရတယ်၊ ပိုဆိုးတာက ကျနော် DX format ကင်မရာနဲ့ပဲ ရိုက်နေသေးတာဆိုတော့ crop factor ကြောင့် 130mm နီးပါး ဖြစ်သွားတယ်၊ full frame FX ကင်မရာနဲ့ရိုက်ရင် ၆ ပေလောက်ပဲ ခွာရမယ့်ဟာ ၁၀ ပေလောက် ခွာခွာရိုက်ရတယ်ဗျာ။ ကင်မရာဘော်ဒီ အဆင့်မြှင့်ဖို့ တမျိုးသားလုံး နှိုးဆော်ကြပါစို့ (ဟမ်)။
လှလိုက်ထှာ... လာလည်ရင် သမီးလေးကို အဲ့ ပြောင်းကြီးနဲ့ ၁ပုံ ရိုက်ပေးနော်...... ((ဟမ်))
ReplyDeleteစင်စင်ပဲဖြစ်မယ်၊ ရိုက်ဦးမှာ.. ရိုက်ဦးမှာ..
Deletecanon ef 85mm f1.8 အဟောင်းတစ်လုံးရှိတယ် ။ ကြည်တောက်ရှင်း ဘိုခေလ်း တအားမိုက် ။ အော်တိုဖိုးကပ်စ်ကတော့ ကြောင်(ချင်)နေဘီ ။ စားပွဲပုံက အစားအသောက်ပုံတွေကြည့်မိတော့ ဒီ ဒါ့ပုံဆြာ ဟိုး လမ်းအပြင်ထွက်ပီး လှမ်းရိုက်ရတာ ဖြစ်မယ်လို့ တွေးမိသား ။
ReplyDeleteကြည်တောက်ရှင်း ဆိုတဲ့နာမည်လေးက လှတယ်ဗျာ.. :D အပြင်ထွက်ရိုက်ရတာ အမှန်ပဲဗျ၊ ပေါက်စီလေးရိုက်ချင်တာတောင် သူများကိုလေထဲမြှောက်ထားခိုင်းရတာ.. ဟဲဟဲဟဲ..
Deletei want 5 D mark II
ReplyDeleteယူစေ
Deleteကင်မလာဘော်ဒီ အဆင့်မြှင့်ပါဗျို့ 
ReplyDeleteဗစ်စတာ အားကိုးရတယ်။
DeleteD700 ;)
ReplyDeleteဟုတ်တယ်၊ အဲဒါမှန်းနေတာပဲဗျာ၊ လက်ထဲကဟာတွေ အကုန်ထုပြီး အဆင့်မြှင့်ရတော့မယ်။
DeleteGo for D4 or D800, nothing else.
ReplyDeleteNikon D4 and D800 out on March 20th, up for preorder on Amazon.
ReplyDelete