ရေခဲသေတ္တာထဲကနေ ခုန်ချတာပါ၊ အပူအပင်မရှိအောင် ၂၄ နာရီ အေးအေးလူလူထားပေးပေမယ့် သူမပျော်ခဲ့ဘူး၊ ဘယ်ပျော်ပါ့မလဲ၊ မနေ့က အလုံး ၃၀ ဝယ်လာတာ ထားစရာနေရာ သိပ်မလောက်တော့ ဥလေးလုံးပေါ်ကို အပိုတစ်လုံးနှုန်း ဆင့်တင်ထားရတယ်၊ ဆိုတော့ နေရထိုင်ရတာ ကျဉ်းကြပ်တယ်နဲ့ တူပါတယ်၊ ဒါတောင် ခုန်ချတဲ့ကောင်က သူများအပေါ် တက်ထိုင်ထားတဲ့ကောင်နော်၊ ဥအလို နတ်မလိုက်နိုင် ဆိုတာ သိပ်မှန်တယ်။

ကြက်လားမမြောက်ခင် ငယ်ငယ်ရွယ်ရွယ်နဲ့ မြေခသွားရှာတဲ့ ဥလေးကို အိမ်နီးနားချင်းလေးလုံးက နှမြောတသဖြစ်ပြီး ဝိုင်းကြည့်နေပုံပါ။
ဟီဟိ ။.. ငိုနေတဲ့ရုပ်လေးက သနားစာ
ReplyDeleteဗစ်စတာ.. မြန်တယ်ကွာ..
ReplyDeleteဥလည်းချမ်းသာမပေးတော့ပါလား တိန်ဇုံအူးရယ်
ReplyDeleteသူ့ရှေ့က ဖြတ်လျှောက်မည့်သူများ သတိထားကြပါ
ရိုးရိုးလျှောက်ရင်ကိစ္စမရှိပါဘူး၊ ဥကျင့်ဥကြံတော့ မကြံနဲ့ပေါ့ (ဟမ်)
Deleteအိမ်က ကြက်ဥတွေလည်း ခဏ ခဏ သေကြောင်းကြံကြတယ် သူတို့ဟာသူတို့ ခုန်ချတာတော့မဟုတ်ဘူး ကိုယ်အတန်တန်တားရက်နေပါရက်နဲ့ လက်ထဲက ရုန်းကန် တွန်းထိုးပြီး ဆင်းဆင်းသွားကြတာ... ရေပူ ဆီပူနဲ့ မတွေ့ချင်ကြလို့ သေကြောင်းကြံတယ်လို့ ယူဆရတာပဲ...
ReplyDelete(ကိုယ် နမော်နမဲ့နဲ့ လွှတ်ချ (သို့) လွတ်ကျခြင်း လုံးဝ လုံးဝ မဟုတ်)
ဟားဟား.. ဟုတ်မှာ.. ရေပူဆီပူနဲ့က တိတ်ခံစားရတယ်လေ.. :p
Deleteသူတို့သေကြောင်းကြံမှာစိုးလို့ကိုယ်ကအရင်ဦးအောင်လုပ်ကြံလိုက်တယ်။(ဒယ်အိုးထဲမှာဆီနဲ့ရောသမမွှေပြီး..ပီားပီား)
ReplyDeleteပိုင်တယ်၊ ဥတွေခမျာ သနားစရာ..
Deleteမခုန်ချလဲ ကြက်လားမြောက် မှာမဟုတ်ပါဘူး လေ။ :)
ReplyDeleteCycle-es
ဒါလည်းဟုတ်တာပဲ.. ဥဘဝက ဆိုးပါတယ်..
Deleteဖမရတော့ဘူး.. အေးရေယ..
ReplyDeleteဖမရတော့ဘူး.. အေးရေယ.. ဘာတုန်းဟ..
Deleteနေပါအုံး ဘာကိစ္စ တနေ့တနေ့ ဘလောခ် နှစ်ခုကို အပြိုင် လုပ်ရေးနေတာလဲ ကိုယ့်ဘာသာ ကိုယ်ပြိုင်မှ တိုးတက်မယ်ဆိုတဲ့ ရှေးလူကြီး စကားတွေ နားမယောင်ပါနဲ့လေ
ReplyDeleteလျောက်ရေးနေတာ သိသာလိုက်တာများ ဥကိုတောင် အရေးလုပ်ရေးနေတော့တယ်
တော်တော်အားနေတယ် ထင်ပါ့
ခုထိ ကင်မလာ ကိစ္စ မပြန်သေးဘူးနော်
ပြီးတော့ ရှိသေးတယ် ကွန်မန့် ကို တခု ချင်းစီ ကိုပြန်နေတော့တာ
နောက်တိုး ပုံကို ဒီလို လုပ်နိုင်နေတာကိုက အချိန်တွေပိုနေတယ်
ReplyDeleteခုမှ တခါပြန်ဘတ်မိတယ် ပိုစ့်နာမည်က တမျိုးကြီး အိ
ReplyDeleteYes...should not use this title...
ReplyDeleteဥ မှန်ရင်တော့ သေကြောင်းမကြံလဲ အခွံခွဲခံရမှာဘဲ.. အနှေးနဲ့အမြန်..
ReplyDeleteလူမခွဲလဲ..သဘာဝက ခွဲမှာဘဲ.. (အကောင်လေးထွက်လာရင်)
My egg ဆိုပါလား...။ ဟိဟိ
ReplyDelete